အီးက်နာ အပြည်ပြည်ဆိုင်ရာကျမ်းတော် မြတ် ကုရ်အာန် သတင်းဌာန - အီရန် - ( အနောက် တောင် အာရှ တိုက် ဆိုင်ရာ )
မနက်ဖန် တွင် ကမာ့္ဘ အစ္စလာမ့် အိုလမာ များ ညီလာခံ အာဖဂန် နိုင်ငံ ကာပူလ် မြို့ တွင် ကျင်းပမည် ဖြစ်ကြောင်း အာဖဂန် ငြိမ်းချမ်းရေး အဆင့်မြင့်ကောင်စီ ၏ ပြောရေး ဆိုခွင့် ရှိသူ ရှဟ်ဇာဒေ ရှာဟစ်ဒ် မှ ထုတ်ပြန် ကြေငြာခဲ့ ပါသည်။
အထူးသဖြင့် ဤ ညီလာခံ အား လက်ရှိကမ္ဘာ့ အစ္စလာမ် နိုင်ငံများ ရှိ အခက်အခဲ အကြပ်အတည်းများကို စိစစ်ဖြေရှင်း
ရန် အထူးသဖြင့် ဆီးရီးယား နိုင်ငံ နှင့် အီဂျစ်နိုင်ငံ ကိစ္စ ကိုလည်း စိစစ် ဆွေးနွေး တိုင်ပင်ရမည့် ဖြစ်ကြောင်း အာဖဂန် ငြိမ်းချမ်းရေး အဆင့်မြင့်ကောင်စီ ၏ ပြောရေး ဆိုခွင့် ရှိသူ မော်လဝီ ရှဟ်ဇာဒေ ရှာဟစ်ဒ် မှပြောဆိုအသိပေးခဲ့ပါသည်။
၎င်း အနေဖြင့် ဆက်လက်ပြီးပြောကြား သည်မှာ …
ယခု လို အစ္စလာမ် နိုင်ငံများ တွင် စစ်ဖြစ်နေမှု ၊ သတ်ဖြတ်မှု ၊ မလုံခြုံမှု ၊ သောင်းကြမ်းမှု ဖြစ်နေချိန်တွင် ကမ္ဘာ့ အစ္စ လာမ့် အိုလမာ များ အနေဖြင့် ကမ္ဘာ အစ္စလာမ့် အိုလမာ များ ညီလာခံ သို့ မပျက်မကွက်တက်ရောက်ပြီးအဖြေထွက် ဖို့ ကြိုးပမ်းပေးရန် သမိုင်းပေး တာဝန် ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။
မှတ်သားစရာ အချက်မှာ ဤ ညီလာခံအား နိုင်ငံအသီးသီးမှ အိုလမာ များ နှင့် အီရန်နိုင်ငံလည်း အပါအဝင်ပူပေါင်း ၍ ကျင်းပမည် ဖြစ် ပါသည်။
1292366