کد خبر: 1280922
تاریخ انتشار : ۰۹ شهريور ۱۳۹۲ - ۱۸:۵۰

(အစ္စလာမ် ဥရောပတိုက် တွင် ) ဆိုသည့် အမည် ဖြင့် ဓာတ်ပုံပြပွဲ ကျင်းပ မည် / ဂျာမဏီ

နိုင်ငံရေး နှင့် လူမှုရေး ။ ။ လာမည့် စက်တင်ဘာလ (၃)ရက်နေ့တွင် (အစ္စလာမ့် ဥရောပတိုက် တွင် ) ဆိုသည့် အမည် ဖြင့် ဓာတ်ပုံပြပွဲ ကို ဂျာမဏီ နိုင်ငံ အူစနာဗရူးက် ရှိ အစ္စလာမ်ဆိုင်ရာ ဗဟိုစာပေလေ့လာရေး တက္ကသိုလ် ကျင်းပ မည် ဖြစ်ပါသည်။



အီးက်နာ အပြည်ပြည်ဆိုင်ရာကျမ်းတော် မြတ် ကုရ်အာန် သတင်းဌာန - အီရန် - ( ဥရောပ တိုက် ဆိုင်ရာ )



ဤ (အစ္စလာမ် ဥရောပတိုက် တွင် ) ဆိုသည့် အမည် ဖြင့် ဓာတ်ပုံပြပွဲ အား ဂျာမဏီ အနုပညာရှင် အဟ်မဒ်ကရာဝဇန်


၏ ကြိုးပမ်းမှုဖြင့် မွတ်စလင် အသိုင်းအဝိုင်းနှင့် အစ္စလာမ်မီ အဆောက်အဦး ဆိုင်ရာ ဓာတ်ပုံများကို ၂၀ ရက်တိုင်တိုင်ပြ သွားမည် ဖြစ်ကြောင်း သိရှိခဲ့ရပါသည်။



ဤ (အစ္စလာမ် ဥရောပတိုက် တွင် ) ဆိုသည့် အမည် ဖြင့် ဓာတ်ပုံပြပွဲ အားပြသရခြင်း၏ ရည်ရွယ်ချက်မှာ ဥရောပတိုက်ရှိ မွတ်စလင် အသိုင်းအဝိုင်းများကို ထင်ရှားစွာ သိရှိနားလည်စေပြီး ၊ အခြားဘာသာခြားများနှင့် သင့်တော်သည့်တူညီမှုများကို ပြသနိုင်ရန် အတွက် ဖြစ်ပေသည်။



ဂျာမဏီ အနုပညာရှင် အဟ်မဒ်ကရာဝဇန် သည် အီရန်သက္ကရာဇ် ၁၃၃၄ ခုနှစ်တွင် မွေးဖွားလာ ခဲ့ပြီး အီရန်သက္ကရာဇ် ၁၃၆၄ ခုနှစ်တွင် အစ္စလာမ်ဘာသာအား လက်ခံ ခဲ့သူ ဖြစ်ပေသည်။



ဂျာမဏီ နိုင်ငံ အူစနာဗရူးက် ရှိ အစ္စလာမ့်ဆိုင်ရာ ဗဟိုစာပေလေ့လာရေး တက္ကသိုလ် သည် ဤကဲ့သို့သော် အစ္စလာမ့်ဆိုင်ရာ ဗဟိုစာပေလေ့လာရေး တက္ကသိုလ် လေးခု အနက်မှ တစ်ခု ဖြစ်ပေသည်။



1280398

captcha